မိသားစု၏ နှလုံးခုန်သံ
ဒီမိုကရေစီ စံတန်ဖိုးများအတွက် မိသားစုတစ်စု ဖြတ်သန်းနေသော သမိုင်း.
လင်းလင်း နှင့် ချစ်သုဝေတို့သည် မြန်မာပြည်တွင် ဂီတ၊ ရုပ်ရှင်နှင့် ဆေးပညာ နယ်ပယ်များ၌ အောင်မြင်သော အသက်မွေးမှုနှင့် မိသားစုငယ်လေးကို တည်ဆောက်ခဲ့ကြသည်။ ၂၀၂၁ ဖေဖော်ဝါရီတွင် စစ်တပ် အာဏာသိမ်းသောအခါ ငြိမ်းချမ်းသော ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး ဖမ်းဝရမ်း ထုတ်ခံရကာ အမြွှာသမီးလေးများနှင့်အတူ ထွက်ပြေးခဲ့ရသည်။ နောက်ပိုင်းတွင် နေအိမ်နှင့် ပိုင်ဆိုင်မှုများ သိမ်းယူခံခဲ့ရသည်။
ပြည်ပရောက် ဘဝတွင်လည်း ထိုင်းနယ်စပ်တွင် ရုပ်ရှင်များ ဖန်တီးခဲ့ပြီး အမေရိကန်တွင် ဖျော်ဖြေပွဲ စီးရီးများ ကျင်းပကာ ရရှိငွေကို မြန်မာပြည်တွင်း ဒုက္ခရောက်နေသူများအတွက် လှူဒါန်းနေကြဆဲ ဖြစ်သည်။
ဇာတ်လမ်း အပြည့်အစုံ ဖတ်ရန် →